ENEOS သည် JXTG Group ၏ Nippon Oil & Energy Corp., က ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်သည်။ JXTG အဖွဲ့သည် ရေနံကုမ္ပဏီလောကတွင် နှစ်ပေါင်း ၁၂၀ ကျော် အတွေ့အကြုံရှိသည့် ဂျပန်နိုင်ငံ၏ နံပါတ်တစ် ရေနံကုမ္ပဏီ ဖြစ်ပါသည်။ JXTG Group သည် ဂျပန်နိုင်ငံအနှံ့အပြားတွင် စက်သုံးဆီအရောင်းဆိုင် ၁၀,၀၀၀ ကျော် ဖွင့်လှစ်ရောင်းချလျက် ရှိပါသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်သည့် JXTG Nippon Oil & Energy Corporation သည် အဆင့်မြင့် ကုန်ကြမ်းပစ္စည်း ထပ်ဖြည့်ပစ္စည်းများ၊ အခြား ဂျပန်နိုင်ငံ၏ ထိပ်တန်း မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ပြီး သုတေသနပြုလုပ်ကာ တီထွင်ဖန်တီး ရရှိလာသည့် အခြေခံ စက်သုံးဆီနည်းပညာများကို အသုံးပြု၍ အရည်အသွေးအကောင်းဆုံး ကုန်ပစ္စည်းများကို နည်းဗျူဟာကျကျ ဖန်တီးထုတ်လုပ်နေခြင်း ဖြစ်ပါသည်။

 

ENEOS

ENEOS ချောဆီကို ပြိုင်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များတွင် အသုံးပြုသည့် စက်ပစ္စည်းအမျိုးမျိုးအား ထူးခြားသည့် စွမ်းဆောင်ရည်၊ ပါဝါနှင့် ကာကွယ်မှုပေးပါသည်။ ENEOS က ထုတ်လုပ်ရောင်းချသည့် WBASE Oil နှင့် ZP Advance Additives နည်းပညာများသည် အလွန်အမင်း ခက်ခဲကြမ်းတမ်းသည့် အခြေအနေများမှာပင် အမြင့်မားဆုံး စွမ်းဆောင်ရည် ရရှိစေခြင်း၊ စက်သုံးဆီကုန်ကျမှု သက်သာစေခြင်းနှင့် အင်ဂျင်ကို ကာကွယ်ပေးခြင်းတို့အပြင်  ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသည့်အတွက်ကြောင့် ENEOS ချောဆီများသည် အကောင်းဆုံးနှင့် သဘာဝ ပတ်ဝန်းကျင်အတွက် သင့်လျော်သည့် ချောဆီများ ဖြစ်နေခြင်းဖြစ်သည်။

 

ENEOS အမှတ်တံဆိပ်ကို စွမ်းအင်ဆိုသည့် “ENERGY” နှင့် ဂရိဘာသာတွင် အသစ်ဟု အဓိပ္ပာယ်ရသည့် စကားလုံး “NEOS” တို့ ပေါင်းစပ် ဖန်တီးထားခြင်းဖြစ်သည်။ ENEOS သည် JXTG Group ၏ အဖွဲ့ကြီး၏ ခံယူချက်နှင့် JXTG Group ၏ ကိုယ်ပိုင် အမှတ်အသားကို ကိုယ်စားပြုသည်။ အမှတ်တံဆိပ်သည် စွမ်းအင်ဆိုသည့် “Energy” ကို သင်္ကေတပုံစံဖြင့် ကိုယ်စားပြုပြီး အလယ်တွင်ရှိသည့် ကမ္ဘာလုံးပုံစံသည် “ယုံကြည်အားထားရမှု” နှင့် “အလျဉ်မပြတ်ခြင်း” တို့ကို ကိုယ်စားပြုသလို အပြင်ဖက် ကြောင်လိမ်လှေကားပုံစံသည် “ဖန်တီးမှု” နှင့် “ဆန်းသစ်တီထွင်မှု” တို့၏ သင်္ကေတပုံစံဖြစ်သည်။

 

JXTG Group

JXTG Group ၏ မစ်ရှင်မှာ စွမ်းအင်၊ အရင်းအမြစ်များနှင့် ကုန်ကြမ်းပစ္စည်းများကို ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုတို့မှတဆင့် အများပြည်သူ တိုးတက်ရေး၊ အနာဂတ် လှပရေးတို့ သေချာစေရန် ကူညီ ဖြည့်ဆည်းပံ့ပိုးပေးပြီး အများကောင်းကျိုးအတွက်နှင့် တစ်ဦးချင်း နေ့စဉ်ဘ၀တို့အတွက် ကမ္ဘာမြေကြီး၏ စွမ်းအားကို ထိန်းချုပ်အသုံးချရန်ဖြစ်သည်။ JXTG Group အတွက် အဖွဲ့ကြီး၏ ခံယူချက်မှာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်နှင့် လူမှုရေး တာဝန်များကို တာဝန်သိစွာ ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဖွဲ့ကြီး၏ ကျင့်ဝတ်အား အသုံးချရမည်ဖြစ်သည့်အတွက် ၎င်းကို ဒါရိုက်တာများ၊ အရာရှိများနှင့် ၀န်ထမ်းများအားလုံးက နားလည်သိရှိပြီး အဖွဲ့ကြီး၏ ကျင့်ဝတ်ကို  အကောင်အထည်ဖော် ကျင့်သုံးရာ၌ ဂုဏ်သိက္ခာရှိစွာ ကျင့်သုံးကြပါသည်။ JXTG Group ၏ စီးပွားရေးလောကတွင် ဂုဏ်သိက္ခာရှိမှုကြောင့် အာရှတွင် များပြားလှသည့် စွမ်းအင်၊ သဘာဝအရင်းအမြစ်များနှင့် ကုန်ကြမ်းပစ္စည်းများ၏ အရေးပါဆုံးနှင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံး ကုမ္ပဏီအဖွဲ့ကြီးများထဲမှ ခိုင်မာစွာရပ်တည်နိုင်သည့် ကုမ္ပဏီအဖွဲ့ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ခြင်း ဖြစ်သည်။

ထပ်မံသိရှိလိုပါက

 

JXTG Group တွင် အဓိက စီးပွားရေးလုပ်ငန်း ၃ ခုရှိပါသည်။

JXTG Nippon Oil & Energy Corporation

JXTG Nippon Oil & Energy Corporation (NOE) သည် ရေနံနှင့် ရေနံဓါတု ကုန်ထုတ်ပစ္စည်းများ သန့်စင်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဆောင်ရွက်ပါသည်။ JXTG NOE သည် ချောဆီများနှင့် အခြား ရေနံဓါတု ကုန်ထုတ်ပစ္စည်းများအပါအ၀င် ထုတ်ကုန်ပစ္စည်းများ

ထုတ်လုပ်ရောင်းချပါသည်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် ဓါတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်း ရောင်းချခြင်း၊ လောင်စာဆဲလ်များ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်း စနစ်များနှင့် အားသွင်း ဓါတ်ခဲများ ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကိုလည်း ကုမ္ပဏီက ဆောင်ရွက်ပါသည်။

ထပ်မံသိရှိလိုပါက

JX Nippon Oil & Gas Exploration

JX Nippon Oil & Gas Exploration (NOEX) သည် ကမ္ဘာတစ်ဝှမ်းတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်း အမျိုးမျိုးတွင်ပါဝင်နေပြီး နည်းပညာအသစ်များ တီထွင်ဖန်တီးခြင်းဖြင့် ရေရှည်တည်တံ့မည့် အနာဂတ် စွမ်းအင်ကဏ္ဍကို သေချာစေရန် အလားအလာသစ်များနှင့် လုပ်ငန်းများကို တက်ကြွစွာ ရှာဖွေနေခြင်းဖြစ်သည်။ NOEX သည် ရေနံ၊ သဘာဝ ဓါတ်ငွေ့နှင့် အခြား သတ္တုအရင်းအမြစ်များ ထုတ်ယူခြင်း၊ စီမံခြင်း၊ သိမ်းဆည်းခြင်း၊ ရောင်းချခြင်းနှင့် သင်္ဘောဖြင့် တင်ပို့ခြင်းတို့ ဆောင်ရွက်ပါသည်။ JXTG Group ၏ မစ်ရှင်ကို အမှန်တကယ် ဖြစ်လာစေရန် NOEX သည် ၎င်း၏ ဒေသတွင်း ရှာဖွေ ဆောင်ရွက်မှုများကို ရေရှည် မဟာမဟာဗျူဟာချမှတ်ပြီး ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။ နီအီဂါတာ စီရင်စုအတွင်းရှိ နာကာဂျို ကမ်းခြေ ရေနံနှင့် ဓါတ်ငွေ့သိုက်သည် NOEX ၏ ဂျပန် အခြေစိုက် ဒေသတွင်း ရှာဖွေ ထုတ်လုပ်မှုဖြစ်ပြီး ဗြိတိန်မြောက်ပိုင်းပယ်လယ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ကာတာ၊ မက္ကဆီကို ပင်လယ်ကွေ့၊ ကနေဒါ၊ ဘရာဇီး၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ သြစတြေးလျားနှင့် ပါပူအာ နယူးဂီနီ တို့တွင်လည်း ကမ္ဘာအနှံ့ ရှာဖွေရေး စီမံကိန်းများ ဆောင်ရွက်နေပါသည်။ NOEX ၏ စီးပွားရေး တိုးချဲ့မှု အစီအစဉ်များတွင် ရှာဖွေခြင်း၊ စတင်ခြင်းနှင့် ကုန်ပစ္စည်းများနှင့် အခြေခံအဆောက်အဦ ထုတ်လုပ်ခြင်းတို့ကို မဟာဗျူဟာကျ ဆောင်ရွက်ရန် လျာထားပါသည်။

ထပ်မံသိရှိလိုပါက

 

JX Nippon Mining & Metals

JX Nippon Mining & Metals (NMM) သည် သံဓါတ်မပါသော အရင်းအမြစ်များနှင့် ကုန်ပစ္စည်းများကို ကမ္ဘာအနှံ့ ထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်သည့်အလျောက် လူ့အသိုက်အ၀န်းကို အကျိုးပြုမည့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကူညီပေးရန် ဆုံးဖြတ်ထားပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် NMM သည် အရင်းအမြစ် တီထွင်မှု၊ သတ္တုရိုင်း အရည်ကြိုခြင်းနှင့် သန့်စင်ခြင်း၊ အသစ်တစ်ဖန် ပြန်လည်အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ကြေးလွှာ၊ အလွှာပါး ကုန်ပစ္စည်းများ၊ ကုန်ပစ္စည်းလိပ် အနုစိတ်ခြင်း၊ ကုန်ပစ္စည်းဖြတ်တောက်မှု အနုစိတ်ခြင်းနှင့် နည်းပညာတီထွင်မှုတို့တွင် အဓိက လုပ်ငန်းဆောင်ရွက်ပါသည်။ NMM သည် ၎င်းတို့၏ ထုတ်ကုန်များထုတ်လုပ်မှုနှင့် တူးဖော်မှုတို့ကို လက်ရှိတွင် ကမ္ဘာအနှံ့ စီမံကိန်းအများအပြားဖြင့် တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ဆောင်ရွက်နေသည့် နေရာများမှာ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တောင်အမေရိကနှင့် အမေရိကပြည်ထောင်စုတို့ ဖြစ်ကြပါသည်။

ထပ်မံသိရှိလိုပါက

 

JX Nippon Oil & Energy Asia

JX Nippon Oil & Energy Asia (NOEA) သည် JXTG Nippon Oil & Energy Corporation ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ NOEA ကို ၁၉၈၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ စင်္ကာပူ၊ သီရိလင်္ကာနှင့် သြစတြေးလျားတို့တွင် ဈေးကွက်ရရှိနေပါသည်။ NOEA ၏ ထုတ်ကုန်ပစ္စည်းများမှာ မော်တော်ကား၊ ရေယာဉ်နှင့် စက်မှုလုပ်ငန်းသုံး ချောဆီအမျိုးမျိုးတို့ ဖြစ်ကြပါသည်။ NOEA တွင် အဓိက စီးပွားရေးလုပ်ငန်းဌာန ၃ ခုရှိပါသည်။ ၎င်းတို့မှာ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စက်မှုလုပ်ငန်းများ၊ သတ္တုလုပ်ငန်းများနှင့် စားသောက်ကုန်ထုတ် စက်ပစ္စည်းများတွင်အသုံးပြုရန် ENEOS နှင့် SUSTINA မော်တော်ကား ချောဆီများ၊ ရေယာဉ်သုံးဆီများ ရောင်းချခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ဆောင်ရွက်သည့် ချောဆီများနှင့် အထူးကုန်ပစ္စည်းများဌာန၊

 

ဘန်ကာဌာန

ဘန်ကာဌာနသည် ရေယာဉ် လောင်စာဆီများကို ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေပြီး ဂျပန်နိုင်ငံတွင် ဈေးကွက်အကြီးဆုံး ရရှိထားကာ အာရှနိုင်ငံများတွင် ရေယာဉ် လောင်စာဆီ ကုန်ထုတ်ပစ္စည်းများ ၀ယ်ယူ၊ ကုန်သွယ်ခြင်းတို့ကို ဆောင်ရွက်ပါသည်။ ဂျပန်နိုင်ငံတွင် ရေနံသန့်စင်မှု ထိပ်တန်းအဆင့်ရှိသည့် JXTG Nippon Oil & Energy ကုမ္ပဏီသည် ဆီသတ်မှတ်ချက်တွင် ထူးခြားသော ပညာနှင့် ကျွမ်းကျင်မှုရှိသလို ကုန်ပစ္စည်းများ၏ အရည်အသွေးမှာလည်း စိတ်ချယုံကြည်ရပါသည်။

 

ကုန်သွယ်ရေးဌာန

ကုန်သွယ်ရေးဌာနသည် ရေနံစိမ်း၊ ရေနံ ထုတ်ကုန်ပစ္စည်းများနှင့် ရေနံကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းတို့ ဆောင်ရွက်သည်။

 

စက်ရုံအချက်အလက်

ENEOS ItalSing Pte. Ltd.

JX Nippon Oil & Energy Asia (JX NOEA) သည် ENEOS ItalSing Pte. Ltd. (EIS) ၏ အဓိက အစုရှယ်ယာရှင်နှင့် ချောဆီ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသူဖြစ်သည်။

EIS သည် အရည်အသွေးမြင့် ချောဆီများကို ကန်ထရိုက်ဖြင့် ထုတ်လုပ်သူအဖြစ် ဒေသအတွင်းတွင် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို သုံးစွဲသူများ စိတ်တိုင်းကျ ရရှိစေရေး ဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားပါသည်။ EIS သည် ၁၉၉၃ မှစတင်ကာ လိုက်လျောညီထွေရှိမည့် ၀န်ဆောင်မှု၊ အရည်အသွေးနှင့် အချိန်မီ ပို့ဆောင်ပေးနိုင်ရေးတို့အပေါ် စစ်ဆေးကြည့်ရှုမှုကြောင့် ကုမ္ပဏီ၏ ကောင်းမွန်သော ၀ိသေသလက္ခဏာတစ်ခုဖြစ်လာခဲ့ပါသည်။

အောင်မြင်မှု၏ သော့ချက်တစ်ခုကတော့ သုံးစွဲသူများနှင့် ဆက်ဆံရေး တည်ဆောက်သည့်အခါ နှစ်ဖက်အကျိုးရှိစေရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ EIS သည် သုံးစွဲသူများကို ကောင်းမွန်သည့် အရည်အသွေးနှင့် ၀န်ဆောင်မှုများ အမြဲတန်း တစ်သမတ်တည်း ရရှိစေရန် သေချာစေဖို့ လေ့ကျင့်ထားပါသည်။

EIS ထုတ်ကုန်ပစ္စည်း အရည်အသွေးကို အာရှ ပစိဖိတ်ဒေသတွင် အသိအမှတ်ပြုထားကြပါသည်။ EIS ၏ တစ်နေရာတည်းနှင့် ၀န်ဆောင်မှုပေးခြင်းက သုံးစွဲသူများကို ဈေးကွက်၊ ရောင်းဝယ်မှုနှင့် ၎င်းတို့၏ စီးပွားရေး တိုးတက်စေရန် အာရုံစိုက်စေနိုင်ပါသည်။ EIS သည် ၎င်းတို့၏ သုံးစွဲသူများ၏ ထုတ်လုပ်ရေးတွင် လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်ပေးပါလိမ့်မည်။

လိုက်လျောညီထွေမှုရှိသည့် ထုတ်လုပ်ရေး ပစ္စည်းပစ္စယများ၊ သက်ဆိုင်ရာပညာရပ်တွင် ခေတ်အမီဆုံး ဓါတ်ခွဲခန်းနှင့် အကောင်းဆုံးလေ့ကျင့်ထားသည့် ပရော်ဖက်ရှင်နယ်အသင်းများဖြင့် ဖွဲ့စည်းထားသည့် EIS သည် သုံးစွဲသူများ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

ထပ်မံသိရှိလိုပါက

လူမှုကွန်ယက်တွင် မျှဝေခြင်း